NEWS & ACTIVITIES
၂၁၀၇-၂၀၁၈ ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲ စတင်ဖြေဆို
- Thursday September 20th, 2018
- Posted by: Post Editor
- Category: Uncategorized
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကို (၂၀.၉.၂၀၁၈) ရက်နေ့မှ စတင် ကျင်းပလျှက်ရှိပါသည်။ နံနက်ပိုင်းစာမေးပွဲကို နံနက် (၈း၃၀)မှ (၁၁း၃၀)ထိ ဒုတိယနှစ်၊ တတိယနှစ်နှင့် ပထမနှစ်ဂုဏ်ထူးတန်းမှ ကျောင်းသား/ကျောင်းသူများ၊ မွန်းလွဲပိုင်းစာမေးပွဲကို မွန်းလွဲ (၁း၀၀)မှ (၄း၀၀)ထိ ပထမနှစ်၊ စတုတ္ထနှစ်၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်းနှင့် မဟာအရည်အချင်းစစ်သင်တန်းများမှ ကျောင်းသား/ကျောင်းသူများ ဖြေဆိုကြပါသည်။ မန္တလာဒီဂရီကောလိပ်တွင် ပထမနှစ် (၁၇၇၀)ဦး၊ ဒုတိယနှစ် (၁၅၁၂)ဦး၊ တတိယနှစ် (၁၁၃၂)ဦး၊ စတုတ္ထနှစ် (၁၀၀၆)ဦး၊ ပထမနှစ်ဂုဏ်ထူးတန်း (၁၆၀)ဦး၊ ဒုတိယနှစ်ဂုဏ်ထူးတန်း (၉၁)ဦး၊ တတိယနှစ်ဂုဏ်ထူးတန်း (၅၇)ဦးနှင့် မဟာအရည်အချင်းစစ်သင်တန်း (၆၄)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၇၉၂)ဦးတို့သည် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကို (၂၀.၉.၂၀၁၈)ရက်နေ့မှ (၂၉.၉.၂၀၁၈)ရက်နေ့အထိ ဖြေဆိုလျှက်ရှိပါသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကို (၂၀.၉.၂၀၁၈) ရက်နေ့မှ စတင်ကျင်းပလျှက်ပါသည်။ နံနက်ပိုင်း စာမေးပွဲကို နံနက် (၈:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ ဒုတိယနှစ်၊ တတိယနှစ်နှင့် ပထမနှစ်ဂုဏ်ထူးတန်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုကြပြီး မွန်းလွဲပိုင်းစာမေးပွဲကို မွန်းလွဲ (၁:၀၀) နာရီမှ (၄:၀၀) နာရီထိ ပထမနှစ်၊ စတုတ္ထနှစ်၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်းနှင့် မဟာအရည်အချင်းစစ် သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများဖြေဆိုကြပါသည်။ မန္တလာဒီဂရီကောလိပ်တွင် ပထမနှစ် (၁၇၇၀)ဦး၊ ဒုတိယနှစ် (၁၅၁၂)ဦး၊ တတိယနှစ် (၁၁၃၂)ဦး၊ စတုတ္ထနှစ် (၁၀၀၆)ဦး၊ ပထမနှစ်ဂုဏ်ထူးတန်း (၁၆၀)ဦး၊ ဒုတိယနှစ်ဂုဏ်ထူးတန်း (၉၁)ဦး၊ တတိယနှစ်ဂုဏ်ထူးတန်း (၅၇)ဦးနှင့် မဟာအရည်အချင်းစစ် သင်တန်း (၆၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၇၉၂)ဦးတို့သည် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကို (၂၀.၉.၂၀၁၈)ရက်နေ့မှ (၂၉.၉.၂၀၁၈) ရက်နေ့ထိ ဖြေဆိုလျှက်ရှိပါသည်။