မန္တလာတက္ကသိုလ်မှ ကြိုဆိုပါ၏။
မန္တလာတက္ကသိုလ်သည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး (၄၇) ဧက ကျယ်ဝန်းပါသည်။ (၁.၁၂.၂၀၁၂) ရက်နေ့တွင် မန္တလာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၂.၃.၂၀၁၆) ရက်နေ့တွင် မန္တလာဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ (၁-၉-၂၀၂၀)ရက်နေ့တွင် မန္တလာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပ္ပံဘာသာရပ်များအပြင် ခရီးသွားလုပ်ငန်းနှင့်ဧည်ဝန်ဆောင်မှု ဘာသာရပ်ကိုပါ မန္တလာတက္ကသိုလ်တွင် ရွေးချယ်သင်ကြားနိုင်ပါသည်။ အခြားဒေသများမှ လာရောက် တက်ရောက်လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအဆာင်နေထိုင်ခွင့် လျှောက်ထား နိုင်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ e-Library အသုံးပြုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားပါသည်။
READ MORE
ပါမောက္ခချုပ်
ဒေါက်တာခင်စန်းစန်းဝင်း
[email protected]