July
၂၀၁၈-၂၀၁၉ပညာသင်နှစ် မန္တလာဒီဂရီကောလိပ် ရုက္ခဗေဒမိသားစု၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို (၃၀-၇-၂၀၁၉)ရက်နေ့ နေ့လည်(၁:၀၀)နာရီတွင် မန္တလာဒီဂရီကောလိပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို (၃၁-၇-၂၀၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၃၀-၇-၂၀၁၉)ရက်နေ့ ၂၀၁၈-၂၀၁၉ပညာသင်နှစ် မန္တလာဒီဂရီကောလိပ် ဒဿနိကဗေဒမိသားစု၏ အာစရိယပူဇော်ပွဲ၊ ကြိုဆိုနှုတ်ဆက်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလာဒီဂရီကောလိပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၈-၇-၂၀၁၉ ရက်နေ့ မန္တလာဒီဂရီကောလိပ်တွင် ၂၀၁၉ ပညာသင်နှစ် (အဝေးသင်သင်တန်း) သင်္ချာမိသားစု အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားအား မန္တလာဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၅-၇-၂၀၁၉)ရက်နေ့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရူပဗေဒမိသားစု၏ အာစရိယပူဇော်ပွဲ အခမ်းအနားအား မန္တလာဒီဂရီကောလိပ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားအား ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၀-၇-၂၀၁၉)ရက်နေ့မှ (၁၁-၇-၂၀၁၉)ရက်နေ့အထိ ကျင်းပသော ၂၀၁၈-၂၀၁၉ပညာသင်နှစ် အဆင့်မြင့်ပညာကဏ္ဍ တတိယအကြိမ် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ၊ အရေးစွမ်းရည်၊ အပြောစွမ်းရည်၊ အရွတ်အဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလာဒီဂရီကောလိပ် (Theatre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၉-၇-၂၀၁၉)ရက်နေ့ မန္တလာဒီဂရီကောလိပ်၌ ဓမ္မာရုံရေစက်ချလှူဒါန်းပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဆွေနှင့်ဇနီး၊ ပြင်ပဧည့်သည်တော်များ၊ အလှူရှင်များနှင့် မန္တလာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာစိန်စိန်အောင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ မန္တလာဒီဂရီကောလိပ်ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၈-၇-၂၀၁၉)ရက်နေ့တွင် မန္တလာဒီဂရီကောလိပ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။