ဒေါက်တာရွှေသဇင်
ပါမောက္ခ (ဌာနမှူး)
ဒေါက်တာရွှေသဇင်
ပါမောက္ခ (ဌာနမှူး)
ဌာနနောက်ခံသမိုင်း
မန္တလာဒီဂရီကောလိပ်တွင် သမိုင်းဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၂ မှ ၂၀၁၆ အထိ မန္တလာဒီဂရီကောလိပ်၊ သမိုင်းဌာနတွင် ပထမဦးဆုံး ဌာနမှူးတာဝန်ကို ဒေါက်တာဆိုင်းနန်၊ ကထိကအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၆ မှ ၂၀၂၀ အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါက်တာစိုးစိုးသန်း၊ ပါမောက္ခက တာဝန်ယူခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင်လည်း တွဲဖက်ပါမောက္ခ ဒေါက်တာဝင်းဖေက ဌာနမှူးတာဝန်ကို ယူခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် ဒေါက်တာအေးအေးသန်းက ပါမောက္ခ ဌာနမှူးတာဝန်ကို လွှဲပြောင်းယူခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ကထိက ဒေါက်တာဝင်းလှိုင်က ဌာနမှူးတာဝန်ကို ယာယီထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှ ယခုလက်ရှိအချိန်အထိ ပါမောက္ခ ဒေါက်တာရွှေသဇင်က ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
မျှော်မှန်းချက်
မန္တလာတက္ကသိုလ် သမိုင်းဌာနသည် ကျောင်းသား၊ ကျောင်းသူများအား အတိတ်ကာလကို နားလည်မှုရှိလာစေရန် ပြုစုပျိုးထောင်ပေးကာ၊ ဝေဖန်ပိုင်းခြားမှုနှင့် ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်များကိုပါ ရရှိစေရန် မြှင့်တင်ပေးလျက်ရှိပါသည်။ သုတေသနနှင့် သင်ကြားမှုဆိုင်ရာ နည်းလမ်းများဖြင့် မတူကွဲပြားသော ရှု့ထောင့်အမြင်များမှနေ၍ သမိုင်းအချက်အလက်များကို အနက်ဖွင့်ဆိုတက်ရန် ရည်ရွယ်ဆောင်ရွက် လျှက်ရှိပါသည်။
လုပ်ဆောင်ရမည့်တာဝန်
သမိုင်းဌာန၏ လုပ်ဆောင်ရမည့်တာဝန်မှာ ကျောင်းသား၊ ကျောင်းသူများသည် သမိုင်းဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်စေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်လာဖို့ အားပေးသွားရန် ဖြစ်ပါသည်။
ပညာရပ်ဆိုင်ရာ ရည်မှန်းချက်
သမိုင်းဌာန၏ ပညာရပ်ဆိုင်ရာရည်မှန်းချက်မှာ သမိုင်းကျောင်းသား၊ ကျောင်းသူများသည် အထောက်အထားများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာပြီး၊ ၎င်းတို့၏ တွေ့ရှိချက်များကို ထိရောက်စွာ တင်ပြသွားတက်ရန် ဖြစ်ပါသည်။
ဒေါက်တာအိအိဇော်
ပါမောက္ခ
ဒေါက်တာခင်ချိုနွယ်
တွဲဖက်ပါမောက္ခ
ဦးလှသိန်း
တွဲဖက်ပါမောက္ခ
ဒေါက်တာမြင့်မြင့်ဌေး
တွဲဖက်ပါမောက္ခ
ဒေါက်တာမြင့်မြင့်ခိုင်
တွဲဖက်ပါမောက္ခ