ဒေါက်တာနှင်းစုခိုင်
တွဲဖက်ပါမောက္ခ (ဌာနမှူး)
ဒေါက်တာနှင်းစုခိုင်
တွဲဖက်ပါမောက္ခ (ဌာနမှူး)
ဌာနနောက်ခံသမိုင်း
မန္တလာဒီဂရီကောလိပ်တွင် အရှေ့တိုင်းပညာဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ မှ ၂၀၁၅ အထိ မန္တလာဒီဂရီကောလိပ်၊ အရှေ့တိုင်းပညာဌာန၏ ပထမဦးဆုံး ဌာနမှူးတာဝန်ကို ဒေါက်တာစန်းစန်းနု၊ ကထိကအား တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၅ မှ ၂၀၁၈ အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါ်ဝင်းဝင်းသစ် ကထိကအား တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၈ မှ ၂၀၂၀ အထိ မန္တလာဒီဂရီကောလိပ်၊ အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်မြတ်မြတ်ထွေး၊ ကထိကအား တာဝန်ပေးအပ်ခဲ့သည်။ (၃-၁-၂၀၂၁) မှ (၂၈-၂-၂၀၂၁) မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါက်တာခင်အုန်းမြင့်၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့သည်။ (၈-၆-၂၀၂၁) မှ (၁၅-၉-၂၀၂၁) အထိ မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါက်တာနှင်းစုခိုင်၊ တွဲဖက်ပါမောက္ခအား တာဝန်ပေးအပ်ခဲ့သည်။ (၁၆-၉-၂၀၂၁) မှ (၈-၄-၂၀၂၃) အထိ မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါက်တာသန္တာဆွေ၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့သည်။ (၂၅-၄-၂၀၂၃) မှ ယနေ့အထိ မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါက်တာနှင်းစုခိုင်၊ တွဲဖက်ပါမောက္ခအား တာဝန်ပေးအပ်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါက်တာနှင်းစုခိုင်၊ တွဲဖက်ပါမောက္ခမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
မျှော်မှန်းချက်
မန္တလာတက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနသည် ပါဠိဘာသာစကားနှင့် စာပေ၊ ယဉ်ကျေးမှုပွဲတော်များ၊ ဗုဒ္ဓ ဒဿန၊ နီတိကျမ်းစာများ အစရှိသည်တို့ကို သင်ကြားပေးခြင်းအားဖြင့် မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တက်ရန်၊ ကိုယ်ကျင့်တရားကောင်းမွန်၍ လူမှုဘဝပေါင်းသင်းဆက်ဆံရာတွင် ဆောင်ရန် ရှောင်ရန်တို့ကိုသိရှိပြီး တွေးခေါ်မျှော်မြင်တက်ရန်၊ အမှားအမှန်ကို ပိုင်းခြားနိုင်စွမ်းရှိသော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးရန် မျှော်မှန်းပါသည်။
လုပ်ဆောင်ရမည့်တာဝန်
မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာဌာနသည် ကျောင်းသား၊ ကျောင်းသူများအား အရှေ့တိုင်းပညာကို လေ့လာခြင်းအားဖြင့် ကိုယ်ကျင့်တရားနှင့် အသိပညာကောင်းမွန်စေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအား လိမ္မာယဉ်ကျေးသော၊ ထူးချွန်ထက်မြတ်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။
ပညာရပ်ဆိုင်ရာမျှော်မှန်းချက်
အရှေ့တိုင်းပညာဌာန၏ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။ သင်ကြားရေး ဆရာ၊ ဆရာမများသည် အရှေ့တိုင်းပညာ ဘာသာရပ်နှင့်ပတ်သက်သော သုတေသနဆောင်ရွက်မှုများကို ပြုလုပ်သွားရန် ရည်မှန်းပါသည်။