ဒေါက်တာခင်ထွေး
ပါမောက္ခ (ဌာနမှူး)
ဒေါက်တာခင်ထွေး
ပါမောက္ခ (ဌာနမှူး)
ဌာနနောက်ခံသမိုင်း
မန္တလာကောလိပ်တွင် ရူပဗေဒဌာနကို (၂၀၁၂)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ မှ ၂၀၁၆ (နိုဝင်ဘာလ) အထိ မန္တလာကောလိပ် ရူပဗေဒဌာန၏ ပထမဆုံး ဌာနမှူးတာဝန်ကို ဒေါ်သန်းသန်းဝင်း (ကထိက)မှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မန္တလာကောလိပ်မှ ဒီဂရီကောလိပ် အဆင့်တိုးမြှင့်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ ဆက်လက်တိုးမြှင့်ခဲ့ရာ ၂၀၁၆ မှ ၂၀၂၁ ခုနှစ် (မတ်လ) အထိ ဌာနမှူးတာဝန်ကို ဒေါက်တာစန်းစန်းကြည် (ပါမောက္ခ) မှ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မေလမှ ယနေ့အထိ မန္တလာတက္ကသိုလ် ရူပဗေဒဌာန၏ ဌာနမှူးတာဝန်ကို ဒေါက်တာခင်ထွေး၊ ပါမောက္ခမှ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
မျှော်မှန်းချက်
ရူပဗေဒပညာသင်ယူခြင်းဖြင့် နိုင်ငံသားကောင်းများဖြစ်လာနိုင်စေရန် မျှော်မှန်းပါသည်။
ရည်မှန်းချက်
စာရိတ္တကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများအဖြစ် လေ့ကျင့်သင်ကြားပေးရန်။
သဘာဝတရားနှင့် စကြာဝဋ္ဌာကို လေ့လာခြင်းအပြင် အခြေခံသိပ္ပံ၏ သဘောသဘာဝကို ရူပဗေဒဘာသာသင်ယူခြင်းဖြင့် လေ့လာနိုင်စေရန်။
ရူပဗေဒဘာသာရပ်ကို သင်ကြား၊ သင်ယူခြင်းဖြင့် မိမိနိုင်ငံကို အထောက်အကူဖြစ်စေသော နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်မှန်းပါသည်။
ပညာရပ်ဆိုင်ရာပန်းတိုင်
အခြေခံသိပ္ပံ၊ သဘာဝတရား၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် စကြာဝဋ္ဌာအာကာသဆိုင်ရာများကို ရူပဗေဒဘာသာရပ်မှ လေ့လာသင်ယူနိုင်ပါသည်။
ဒေါက်တာအေးသန္တာဌေး
ပါမောက္ခ
ဒေါက်တာမာလာအေး
တွဲဖက်ပါမောက္ခ
ဒေါက်တာသူဇာတင်ဝင်း
တွဲဖက်ပါမောက္ခ
ဒေါက်တာခင်ပပစန်း
တွဲဖက်ပါမောက္ခ
ဒေါက်တာကြည်သာလူနီ
တွဲဖက်ပါမောက္ခ