ဒေါက်တာခင်အေးအေးထွန်း
ပါမောက္ခ (ဌာနမှူး)
ဒေါက်တာခင်အေးအေးထွန်း
ပါမောက္ခ (ဌာနမှူး)
ဌာနနောက်ခံသမိုင်း
သတ္တဗေဒဘာသာရပ် သိပ္ပံဘွဲ့ပေးရန်အတွက် မန္တလာကောလိပ် သတ္တဗေဒဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ် သတ္တဗေဒဌာန၏ ဌာနမှူးတာဝန်ကို ကထိက ဒေါက်တာနွယ်နွယ်သိန်းက တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ်တွင် သတ္တဗေဒဌာန၏ ဌာနမှူးတာဝန်ကို ကထိက ဒေါက်တာနိုင်ကိုကိုချစ်က တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မန္တလာကောလိပ်ကို မန္တလာဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ် သတ္တဗေဒဌာန၏ ပါမောက္ခ(ဌာနမှူး) တာဝန်ကို ဒေါက်တာတင်တင်မာအေးက တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၁-၉-၂၀၂)ရက်နေ့တွင် မန္တလာဒီဂရီကောလိပ်ကို မန္တလာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မန္တလာတက္ကသိုလ် သတ္တဗေဒဌာန၏ ဌာနမှူးတာဝန်ကို တွဲဖက်ပါမောက္ခ၊ ဒေါက်တာနီနီစိုးနှင့် ပါမောက္ခ၊ ဒေါက်တာသက်ဝါကျော်မြင့်တို့က တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် မန္တလာတက္ကသိုလ် သတ္တဗေဒဌာန၏ ပါမောက္ခ(ဌာနမှူး) တာဝန်ကို ဒေါက်တာခင်အေးအေးထွန်းက တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။
မျှော်မှန်းချက်
သတ္တဗေဒဘာသာဆိုင်ရာ အသိပညာ၊ အတက်ပညာများကို လူမှုအဖွဲ့အစည်းတွင် ကျွမ်းကျင်စွာ အသုံးချနိုင်မည့် ခိုင်မာပြီး တန်ဖိုးရှိသော သင်ယူမှုဝန်းကျင်ကို အခြေခံသည့် လေ့လာသင်ယူရေး၊ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းပါသည်။
လုပ်ဆောင်ရမည့်တာဝန်
သတ္တဗေဒဘာသာရပ်၏ လက်တွေ့နှင့်သီအိုရီဆိုင်ရာ အသိပညာပေးရန်၊ ဆွေးနွေးပွဲများ၊ ပဟေဠိများ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများမှတဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ တိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများကြားတွင် သဘာဝကို တန်ဖိုးထားလေးစားမြတ်နိုးမှု တည်ဆောက်ရန်နှင့် အထူးသဖြင့် သတ္တဗေဒနယ်ပယ် အသီးသီးတွင် ကျယ်ပြန့်သော ပညာရေးဖြင့် မြန်မာ့လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို တုံ့ပြန်နိုင်သော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးရန် ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပါသည်။
ပညာရပ်ဆိုင်ရာရည်မှန်းချက်
မန္တလာတက္ကသိုလ် သတ္တဗေဒဌာန၏ အဓိကရည်မှန်းချက်မှာ သတ္တဗေဒဘာသာရပ်ကို အရည်အသွေးပြည့်ဝသော ပညာရေးအားအခြေခံ၍ ကျောင်းသား၊ ကျောင်းသူများအကြား ဘာသာရပ်ကျွမ်းကျင်မှုနှင့် ကနဦးတည်ထွင်မှုစွမ်းရည်များနှင့်အတူ သင်ကြားပေးမည့် အခြေခံပညာရပ်တစ်ခုအဖြစ် ပို့ချပေးရန်၊ အသုံးချနယ်ပယ်အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ပိုင်အလုပ်အကိုင်ရရှိလာစေရန်၊ သက်ရှိသိပ္ပံနှင့် သဘာဝဆိုင်ရာ သိပ္ပံဘာသာရပ်များကို ကျယ်ပြန့်စွာ တက်ကျွမ်းနားလည်စေရန်တို့ ဖြစ်ပါသည်။
ဒေါက်တာမိုးမိုးခိုင်
ပါမောက္ခ
ဒေါက်တာနီနီကို
တွဲဖက်ပါမောက္ခ
ဒေါက်တာဥ္မာမြင့်
တွဲဖက်ပါမောက္ခ
ဒေါက်တာဇော်နိုင်ဦး
တွဲဖက်ပါမောက္ခ
ဒေါက်တာဆွေဆွေထွန်း
တွဲဖက်ပါမောက္ခ