ဒေါက်တာသီတာကျော်
ပါမောက္ခ (ဌာနမှူး)
ဒေါက်တာသီတာကျော်
ပါမောက္ခ (ဌာနမှူး)
ဌာနနောက်ခံသမိုင်း
မန္တလာကောလိပ်တွင် ဓာတုဗေဒဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မန္တလာကောလိပ်၊ ဓာတုဗေဒဌာန၏ ပထမဆုံး ဌာနမှူးတာဝန်ကို ဒေါ်တင်မြင့်ရီ၊ ကထိကအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါ်သန်းသန်းအေး၊ ကထိကအား ပေးအပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဌာနမှူးတာဝန်ကို ဒေါက်တာလွင်လွင်မြင့်၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဌာနမှူးတာဝန်ကို ဒေါက်တာတင်တင်မြ၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ (၃၀-၆-၂၀၁၉) မှ (၃၀-၁၁-၂၀၁၉) အထိ ဌာနမှူးတာဝန်ကို ဒေါက်တာဆွေဆွေဝင်း၊ တွဲဖက်ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ (၂-၁၂-၂၀၁၉) မှ (၉-၉-၂၀၂၁)အထိ ဌာနမှူးတာဝန်ကို ဒေါက်တာမိမိလှိုင်၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ (၂၀-၉-၂၀၂၁) မှ ယနေ့ထိ မန္တလာတက္ကသိုလ်၏ ဌာနမှူးတာဝန်ကို ဒေါက်တာသီတာကျော်၊ ပါမောက္ခမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
မျှော်မှန်းချက်
မန္တလာတက္ကသိုလ်၊ ဓာတုဗေဒဌာနသည် ဓာတုဗေဒဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများအား ဓာတုဗေဒဘာသာရပ် သင်ကြားလေ့ကျင့်စေခြင်းဖြင့် လက်တွေ့ဘဝနယ်ပယ်တွင် ဓာတုဗေဒဘာသာရပ်၏ အရေးပါပုံကို သိရှိနားလည်စေပြီး နိုင်ငံအတွက် လိုအပ်သည့် ပညာတက် လူတော်လူကောင်းများ မွေးထုတ်ပေးရန် မျှော်မှန်းပါသည်။
လုပ်ဆောင်ရမည့်တာဝန်
မန္တလာတက္ကသိုလ်၊ ဓာတုဗေဒဌာနသည် ဓာတုဗေဒဘာသာရပ် အထူးပြုသင်ယူသည့် ကျောင်းသား၊ ကျောင်းသူများအား ဓာတုဗေဒဆိုင်ရာအသိအမြင်၊ အတွေးအခေါ်နှင့် မိမိတို့၏ နေ့စဉ်ဘဝတွင် ဓာတုဗေဒဆိုင်ရာ ဒြပ်ဝတ္တုပစ္စည်းများ၏ တိုးတက်လာပုံ၊ အသုံးပြုပုံ၊ အသိနှင့်သတိရှိစွာ ကိုင်တွယ်ပုံတို့ကိုပါ စာတွေ့လက်တွေ့များနှင့် လေ့လာသင်ကြားရမည်ဖြစ်ပါသည်။ ၎င်းအပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ အသိအမြင်များ၊ အတွေ့အကြုံများ၊ ဗဟုသုတများကို နားလည်အောင် သင်ကြားပေးခြင်းဖြင့် မိမိတို့၏ လူမှုဘဝ တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးပြည့်မီသော ပညာရေးစနစ်ကိုပေးရန် ရည်ရွယ်လုပ်ဆောင်ပါသည်။
ပညာရပ်ဆိုင်ရာရည်မှန်းချက်
မန္တလာတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝ၍ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံတော်ကို အကျိုးပြုသော ဘွဲ့ရပညာတက်များ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် လူသားများအတွက် အကျိုးရှိစေသော ဓာတုဗေဒဘာသာရပ်ဆိုင်ရာ သုတေသနဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်သွားရန် ရည်မှန်းပါသည်။
ဒေါက်တာအေးသန့်ဇင်
ပါမောက္ခ
ဒေါက်တာမြင့်သက်လျာလှိုင်
တွဲဖက်ပါမောက္ခ
ဒေါက်တာအောင်စိုး
တွဲဖက်ပါမောက္ခ
ဦးမျိုးမြင့်
တွဲဖက်ပါမောက္ခ
ဒေါက်တာခင်မလတ်
တွဲဖက်ပါမောက္ခ