ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်၏ (၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို (၂၉.၁၁.၂၀၁၈) ရက်နေ့မှ (၃၀.၁၁.၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲသို့ မန္တလာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဆွေနှင့် ပါမောက္ခ္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားကို (၂၉.၁၁.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီတွင် မန္တလာဒီဂရီကောလိပ်၊ Theatre ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပရာ ဘာသာရပ် (၁၁)ခု မှ ဆရာ၊ ဆရာမများမှ သုတေသန စာတမ်း အစောင် (၂၀) ကို ဖတ်ကြားခဲ့ပါသည်။ အဆိုပါစာတမ်းများမှ အကောင်းဆုံး သုတေသနစာတမ်းများကို ရွေးချယ်ပြီး မန္တလာဒီဂရီကောလိပ်၏ သုတေသနဂျာနယ်တွင် ထည့်သွင်းဖော်ပြထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။